(၁.၈.၂၀၁၉)ရက်နေ့၊(၁၆ ၀၀)အချိန်ခန့်၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာ၊ မိုင်တိုင်အမှတ် (၁၈၃/၁)တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကားလမ်းဘေးရှိလုံးပတ်(၅)ပေ၊ အရှည်(၇၅)ပေခန့်ရှိ ပိတောက်ပင်လဲကျပြီး ကားလမ်းပိတ်နေကြောင်း(၁၆ ၁၀)အချိန်သတင်းရရှိသဖြင့် ပေါင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၁၀)ဦး၊ မုတ္တမနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၄)ဦး၊ အရန်(၇)ဦးတို့ဖြင့် လဲကျပိတောက်ပင်အား ဝိုင်းဝန်းဖယ်ရှားရှင်းလင်းပေးခြင်းများ ကူညီဆောင်ရွက် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။