၂၆.၉.၂၀၂၀ ရက်နေ့၊ ၀၈၀၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ-သင်္ကန်းကြီးကားလမ်း မိုင်တိုင်အမှတ် (၂/၄)တွင် ရွေးမြစ်ရေတိုက်စားမှုကြောင့် ရေထိန်းနံရံပြိုကျမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လပွတ္တာခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သဲအိတ်ချခြင်းလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။   အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၁၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။