ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်ဆုပန်လမ်း သွယ်(၂)နေ ပိုင်ရှင် ဒေါ်အေးမာ၏ (၁၀x၁၅)ပေ၊ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်တွင် ၃၀.၃.၂၀၂၁ ရက်နေ့၊ ၀၉၀၅ အချိန်ခန့်က လျှပ်စစ်ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ အကာဓနိသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း မအူပင်မြို့နယ်မီးသတ်စခန်းမှ ၀၉၀၇ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ အမှတ်(၃)ရပ်ကွက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၂၅)ဦး၊ အရန်(၁၅)ဦး တို့ဖြင့် ရေဂါလန်(၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉၂၀ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၁၀x၁၅)ပေ၊ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၃)လုံး၊ (၁၂x၁၅)ပေ၊ သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး စုစုပေါင်းနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခံရပြီး မီးစတင်လောင်သည့် နေအိမ် ပိုင်ရှင် ဒေါ်အေးမာ အား မအူပင်မြို့မရဲစခန်းမှ (ပ)၁၀၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။