ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရထားသံလမ်းဘေးရှိ ပိုင်ရှင် ဦးကျော်လှ ၏ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တွင် ၂၄.၂.၂၀၂၁ ရက်နေ့၊ ၁၈ ၀၀ အချိန်ခန့်က မီးအားမြှင့်စက်အပူလွန်ကဲပြီး အနီးရှိ စာအုပ်စင်သို့ မီးကူးစက်လောင်မှုဖြစ်ပွားနေကြောင်း မြန်အောင်မြို့နယ်မီးသတ်စခန်းမှ ၁၈ ၀၅ အချိန် သတင်းရရှိခဲ့ရာ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ကြာနီကန်ရပ်ကွက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အမှတ်(၄)ရပ်ကွက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပါရမီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၆)ဦး၊ အရန်(၂၀)ဦးတို့သည် သွားရောက်၍ ရေဂါလန် (၈၅၀၀) ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး၊ ၁၈ ၂၅ အချိန် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ (၁၂x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်လှအား မြန်အောင်မြို့မရဲစခန်းမှ (ပ) ၅၀/၂၀၂၁၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။