၇.၁.၂၀၂၁ ရက်နေ့၊ ၁၆၁၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ သပြုကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော ပိုင်ရှင် ဦးဇော်မင်း ၏ သံထည်ဖြင့် ပြုလုပ်ထားသော အရှည်(၂၀)ပေ၊ အကျယ် (၁၈)ပေ၊ ဇောက်(၄)ပေရှိ ဆီတင်တွဲရေယာဉ်(စက်မပါ) ဝမ်းဗိုက်အတွင်းရှိ သံဖြင့်ပြုလုပ်ထားသော (၂၀x၁၈)ပေ၊ ဒီဇယ်ဆီကန်ထဲသို့ ဆီထည့်နေစဉ် လျှပ်စစ်မော်တာပန့် အပူလွန်ကဲပြီး မီးတောက်ထွက်၍ ဒီဇယ်ကန်ထဲသို့ မီးပွားကျရာမှ  မီးလောင်မှုဖြစ်ပွားကြောင်း ၁၆၁၂ အချိန် သတင်းရရှိသဖြင့်  ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆၄၅ အချိန်တွင် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆီတင်တွဲရေယာဉ် ဝမ်းဗိုက်အတွင်း ဆီဖြည့်နေသူ ကိုဟန်မျိုးထွဋ် (အသက် ၁၈နှစ်) မှာ မီးလောင်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ဆီလုပ်သား ကျား(၃)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့သဖြင့် မင်းပိုင် နာရေးကူညီမှုသူနာတင်ယာဉ်ဖြင့် ဓနုဖြူပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပြီး  ပိုင်ရှင် ဦးဇော်မင်းအား ဓနုဖြူမြို့မရဲစခန်းမှ (ပ) ၇ / ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ  ၂၈၅ /၃၃၇/  ၃၀၄ –  က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။