ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန်ဂိုထောင် မီးလောင်ပေါက်ကွဲမှု

၁၁.၆.၂၀၁၉ ရက်နေ့၊ (၀၄ ၀၀)အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်း ကျေးရွာအုပ်စု၊ ချောင်းတွင်းကျေးရွာအနီး ဖျာပုံ-ကျိုက်လတ်ကားလမ်း၊ ချောင်းတွင်း တံတားအဆင်းတွင် ကျိုက်လတ်မှ ဖျာပုံသို့ ယာဉ်မောင်း ဒေါက်တာသာဝေယံမျိုးထက် မောင်းနှင် လာသော ယာဉ်အမှတ် YGN 6K/7877 MISUBISHI (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင်ဓါတ်မီးတိုင်များ တင်ဆောင်၍ ရပ်ထားသော ယာဉ်အမှတ် YGN 9H/3464 NISSAN CONDOR (မီးခိုးရောင်) ပန်သစ္စာ ကုမ္ပဏီပိုင် ယာဉ်အားဝင်တိုက်မှုဖြစ်၊ (၀၄ ၂၀)အချိန်သတင်းရရှိသဖြင့် ဖျာပုံခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ် (၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်ထွက်ခွာခဲ့၊ ယာဉ်တိုက်မှုကြောင့် YGN 6K/7877 MISUBISHI ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ ကျား(၃)ဦး၊ မ(၃)ဦးအနက်၊ ကျား(၁)ဦးနှင့် မ(၂)ဦးတို့မှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး၊ ကျား(၂)ဦး၊ မ(၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့မှုကြောင့် ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း (၂)ဦး တို့အား ဖျာပုံမြို့မရဲစခန်းမှ ယာဉ်(ပ) ၃၆/၂၀၁၉၊ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၇ ဖြင့် အမှုဖွင့်အ‌ရေးယူထားပါကြောင်း သတင်းရရှိပါသည်။