(၂၉.၁၂.၂၀၁၉)ရက်နေ့၊ (၁၁ ၃၀)အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာနေ ပိုင်ရှင် ဦးကြင်လှိုင်၏ (၁၈x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း (၁၁ ၃၅)အချိန် သတင်းရရှိသဖြင့် ရေကြည်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ (၇)ဦး၊ အရန်(၁၀)ဦး တို့ဖြင့် ရေဂါလန်(၈၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၁၂ ၀၀) အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၁၈x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁)လုံး မီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၄၂၅,၀၀ဝိ/- (ကျပ်လေးသိန်းနှစ်သောင်းငါးထောင်)ခန့် ဖြစ်ကြောင်းနှင့် ပိုင်ရှင် ဦးကြင်လှိုင်အား ရေကြည်မြို့မရဲစခန်းမှ (ပ)၃၅၄/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားပါကြောင်း သတင်းရရှိပါသည်။