၁.၉.၂၀၂၀ ရက်နေ့၊ ၁၉၄၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၁)ရပ်ကွက်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အဝင်လမ်းဘေးရှိ မလေးရှားပိတောက်ပင်၏ လုံးပတ်(၁၀) လက်မခန့်၊ အမြင့်(၂၅)ပေခန့်ရှိ မလေးရှားပိတောက်ကိုင်းများ ကျိုးကျမှုဖြစ်ပွားကြောင်း ၁၉၅၅ အချိန်သတင်းရရှိသဖြင့် ပုသိမ်မြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ၂၀၁၅ အချိန် လုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။