၃၀.၈.၂၀၂၀ ရက်နေ့၊ ၁၃ ၅၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာအနီး၊ ပုသိမ်-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၇)တွင် ဒါးကကျေးရွာမှ ပုသိမ်မြို့သို့ ယာဉ်မောင်း ဦးဇာနည်ထွန်းနှင့် ယာဉ်နောက်လိုက် (၂)ဦး၊ မောင်းနှင်လာသော  CANDA အမျိုးအစား (အစိမ်းရောင်) ကုန်တင်ယာဉ်သည် စလစ်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မှုဖြစ်ပွားကြောင်း ၁၃ ၅၅ အချိန်သတင်းရရှိသဖြင့် ပုသိမ်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက်(၂)ဦး(မစိုးရိမ်ရ)တို့အား ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်လာသူ ယာဉ်မောင်း ဦးဇာနည်ထွန်းအား ပုသိမ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၂၅ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။