၂၇.၁၁.၂၀၂၀ ရက်နေ့၊ ၀၀ ၂၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျာလမ်းရှိ ပိုင်ရှင် ဦးမျိုးလွင်၏ (၂၈×၁၂)ပေ၊ သွပ်မိုး၊ ဝါးထရံ/သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ်နေအိမ်တွင် မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ အကာဝါးထရံသို့ မီးကူးစက်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၀၀ ၂၇ အချိန် သတင်းရရှိသဖြင့် ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန် (၄၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၀ ၄၅အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၈×၁၂)ပေ၊ သွပ်မိုး၊ ဝါးထရံ/ သွပ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး၊ (၁၃×၂၃)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်(၁)လုံး၊ (၁၃×၁၇)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၁)လုံးနှင့် (၁၅×၂၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၄)လုံး မီးလောင်ခံရပြီး ကျား(၂)ဦး၊ မ(၁)ဦး မီးဟက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် မီးစတင်လောင်သည့် နေအိမ်ပိုင်ရှင် ဦးမျိုးလွင်အား ဓနုဖြူမြို့မရဲစခန်းမှ (ပ)၆၄၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။