၉.၁၀.၂၀၂၀ ရက်နေ့၊ ၀၂ ၅၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီး၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၃/၃)နှင့် (၃၃/၄) အကြား၊ အမှတ်(၂) ရေနံနှင့်သဘာဝဓါတ်ငွေ့စက်ရုံ(ညောင်တုန်း)မှ ဓါတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)သို့ သွယ်တန်းပေးပို့လျက်ရှိသည့် အချင်း(၈)လက်မရှိ ဂက်စ်ပိုက်လိုင်းပေါက်၍ မီးလောင်မှုဖြစ်ပွားကြောင်း ၀၂ ၅၅ အချိန် သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး၊ ဆားမလောက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၅၂ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် ကုက္ကိုပင်(၁)ပင်၊ နွားတင်ကုပ်နှင့် နေအိမ်(၁)လုံး မီးလောင်ခံရပြီး မီးဟပ်ခံရသော ကျား(၅)ဦး၊ မ(၅)ဦးအနက် ကျား(၃)ဦးမှာ ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)တို့အား လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် မအူပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။