၃၀.၁၂.၂၀၂၀ရက်နေ့၊ ၁၄ ၃၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ မဲကုန်းကျေးရွာ အုပ်စု၊ အုပ္ပုံကွင်းကျေးရွာအနီး၊ ကြံခင်း-အကောက်တောင်ကားလမ်း၊ မှတ်တိုင်အမှတ်(၃/၄)နှင့် (၃/၅)ကြားတွင် ဆုံလဲကျေးရွာမှ ကြံခင်းမြို့သို့ ယာဉ်မောင်း ဦးသန်းနိုင် မောင်နှင်လာသော  Forland (အပြာရောင်) သစ်တင်ယာဉ်သည် မျက်နှာချင်းဆိုင်မောင်နှင်လာသည့် ယာဉ်အား ရှောင်တိမ်းရာမှ လမ်းဘေးသို့ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားပြီး ယာဉ်မောင်း ယာဉ်ခေါင်းခန်းအတွင်း ညပ်နေကြောင်း ၁၅ ၃၀ အချိန် သတင်းရရှိသဖြင့် ကြံခင်းမြို့နယ်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၁၆ ၄၅ အချိန်ဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါ ယာဉ်ပေါ်ရှိ ကျား(၃)ဦး အနက် ယာဉ်မောင်း (သေဆုံး)နှင့် ကျန် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မြတ်ဗုဒ္ဓနာရေးကူညီမှုအသင်းယာဉ်ဖြင့် ကြံခင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးသန်းနိုင် (သေဆုံး)အား ကြံခင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။