၆.၁.၂၀၂၁ ရက်နေ့၊ ၀၉ ၃၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အောင်ပန်း-လွိုင်ကော်ကားလမ်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးကျေးရွာအနီးတွင် ယာဉ်မောင်း ဦးသန်းစိုးဦး မောင်းနှင်သည့်   Hyundai (အနီရောင်) (၂၂)ဘီး နောက်တွဲကုန်တင်ယာဉ်သည် ဘိလပ်မြေအိတ်များ တင်ဆောင်၍ ရန်ကုန်မှ လွိုင်ကော်သို့ မောင်းနှင်လာစဉ် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်သို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း ၁၀ ၁၀ အချိန် သတင်းရရှိသဖြင့် ပင်လောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၃ ၃၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးသန်းစိုးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် အောင်သူရ မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကြည်ဖြူချမ်းမြေ့နာရေး ကူညီမှုအသင်းယာဉ်ဖြင့် ပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးသန်းစိုးဦး အား ပင်လောင်းမြို့မရဲစခန်းမှ ယာဉ်(ပ) ၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၄၄၇/၃၀၄-(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။