၁၉.၂.၂၀၂၁ ရက်နေ့၊  ၁၄ ၀၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဟိုပန်-ဗင်းဟင် ကျေးရွာချင်းဆက်ကားလမ်းပေါ်တွင်  လုံးပတ် (၁)ပေခန့်၊ အမြင့် (၂၀)ပေခန့်ရှိ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ၁၄ ၁၀ အချိန် သတင်းရရှိသဖြင့် ဟိုပန်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေ (၁၅)ဦးတို့သည် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ရာ ၁၅ ၃၀ အချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါသည်။

သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သတင်းရရှိပါသည်။