ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၆)၊ ရုံးကြီးလမ်းနေ ပိုင်ရှင် ဦးကျော်တိုး၏ (၂၀x၁၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် ရွှေပန်းတိမ်လုပ်ငန်းဂိုဒေါင်တွင် ၁၀.၄.၂၀၂၁ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်က ပန်းတိမ်လုပ်ငန်း၌ အသုံးပြုသောဖားဖို၏ ဂေါက်တံမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ အဖုံးဖွင့်ထားသည့် ဓါတ်ဆီပုလင်းသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း လားရှိုးမြို့နယ်မီးသတ်စခန်းမှ ၁၃ ၃၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၂၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၃ ၅၀ အချိန်တွင် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၁၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် ရွှေပန်းတိမ်လုပ်ငန်းဂိုဒေါင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးကျော်တိုး အား လားရှိုးမြို့မရဲစခန်းမှ (ပ) ၉၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။