၁၂.၁၀.၂၀၂၀ ရက်နေ့၊ ၁၆ ၀၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အုပ်စု(၉)နေ ပိုင်ရှင် ဦးအိုက်အောင်၏ (၂၀×၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် (၁)လုံးတွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ထရံကာသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားကြောင်း ၁၆ ၀၅ အချိန် သတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေ(၁၄)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၈၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆ ၁၃ အချိန်မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၂၀×၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံးမီးလောင်ခံရပြီး ပိုင်ရှင် ဦးအိုက်အောင်အား တန့်ယန်းမြို့မရဲစခန်းမှ (ပ)၅၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။