၂၆.၉.၂၀၂၀ ရက်နေ့၊ ၀၅၀၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ် ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်စလပ်ချောင်းရေမြင့်တက်မှုကြောင့် နေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သိန္နီမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၇)ဦး၊ အရန်(၁၅)ဦး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။         အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၅၃၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။