၂၃.၉.၂၀၂၀ ရက်နေ့၊ ၀၃ ၄၃ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေးလမ်း၊ အခန်းအမှတ်(၁၉)နေ ပိုင်ရှင် ဦးအောင်မြင့်၏ (၂၀x၃၀)ပေ၊ RC (၂)ထပ် “ခိုင်မိသားစု” ဘတ္ထရီဆိုင်ကယ်ပြုပြင်ရေးနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၀၃ ၄၅ အချိန် သတင်းရရှိသဖြင့် မူဆယ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၅၀)ဦး တို့ဖြင့် ရေဂါလန်(၃၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၄ ၀၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းအတွင်းရှိ ဘတ္ထရီဆိုင်ကယ်(၃)စီးနှင့် အပိုပစ္စည်းများ မီးလောင်ခံရပြီး ဆိုင်မန်နေဂျာ ကိုသက်ပိုင်ထွေး အား  မူဆယ်မြို့မရဲစခန်းမှ (ပ) ၁၆၄ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။