(၄.၈.၂၀၁၉)ရက်နေ့၊ (၁၁ ၁၅)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ သစ်ပင်ကြီး(တောင်ရွာ)နေ ပိုင်ရှင် မောင်လွန်း၏ (၂၅×၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း၊ အုပ်ညှပ် (၂)ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားကြောင်း(၁၁ ၂၉)အချိန် သတင်းရရှိသဖြင့် ပင်လောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး၊ အရန် (၁၀)ဦးတို့ဖြင့် သွားရောက်ခဲ့ပြီး ရေဂါလန်(၈၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၁၁ ၅၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၅×၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း၊ အုပ်ညှပ်(၂)ထပ်နေအိမ်(၁)လုံး၊ (Luojial) အမျိုးအစားတရုတ်ဆိုင်ကယ်(၁)စီးမီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၂,၄၀၀,၀၀ဝိ/-(ကျပ်နှစ်ဆယ့်လေးသိန်း)ခန့် ဖြစ်ကြောင်းနှင့် ပိုင်ရှင် မောင်လွန်းအား ပင်လောင်းမြို့နယ်ရဲစခန်းမှ (ပ)၄၃/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။