၁၂ . ၉ . ၂၀၁၉ ရက်နေ့၊ (၁၄ ၅၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ နမ္မတူ – မန်တုံလမ်းမကြီး၊ မိုင်တိုင်အမှတ်(၀/၂)အနီးတွင် မန်တုံမှ နမ္မတူဘက်သို့ ယာဉ်မောင်း ဦးမာလာဒါး မောင်းနှင်သည့် ယာဉ်အမှတ်(3M – 2252) SKAT အမျိုးအစား (အဖြူရောင်)(၆)ဘီးယာဉ်သည် မောင်းနှင်လာစဉ် အရှိန် လွန်ပြီး လမ်း၏ ယာဘက်ရှိ ပေ(၂၀၀)ခန့်နက်သော ချောက်ကမ်းပါးမှတစ်ဆင့် နမ္မတူချောင်းအတွင်းသို့ ထိုးကျသွားကြောင်း(၁၄ ၅၅)အချိန်သတင်းရရှိသဖြင့် နမ္မတူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖြစ်သူ ဦးမာလာဒါးသည် ယာဉ်ပိမိ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မေတ္တာရှင် ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။