၂၉.၁၂.၂၀၂၀ ရက်နေ့၊ ၁၈ ၄၅ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ(၈)ရှိ အိမ်ရှင် ဦးထွန်းရင်၏ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ်နေအိမ် မီးဖိုချောင်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ အကာထရံသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၈ ၅၀ အချိန် သတင်းရရှိသဖြင့် နမ္မတူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ သန္ဓေ (၉)ဦး၊ အရန် (၅)ဦး၊ ရေဂါလန် (၁၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၉ ၀၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၃၀x၂၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ်နေအိမ် (၁)လုံးနှင့် KENBO 125 အမျိုးအစား ဆိုင်ကယ် (၁)စီးတို့ မီးလောင်ခံရပြီး အိမ်ရှင် ဦးထွန်းရင်အား နမ္မတူမြို့မရဲစခန်းမှ (ပ)၅၁/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။