၁၂.၁၀.၂၀၂၀ ရက်နေ့၊ ၀၂ ၁၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ ကွန်ဟိန်း-ခိုလမ် ကားလမ်းပေါ်ရှိ နမ့်မွန်လောင်းကျေးရွာ၊ လုလုံဘုန်းကြီးကျောင်း (၉၀×၉၀)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၁)ထပ် ကျောင်းတိုက်တွင် မောက်အိုက်နွေးသည် ဆွမ်းချက်ရာမှ မီးဖို မီးကြွင်းမီးကျန်မှတဆင့် ဆွမ်းချက်ဆောင်နှင့် ပင်မကျောင်းဆောင်ကြီးသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၀၂ ၁၅ အချိန် သတင်းရရှိသဖြင့် ခိုလမ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရေဂါလန် (၇၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၃၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၉၀×၉၀)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၁)ထပ်ကျောင်းတိုက် မီးလောင်ခံရပြီး မီးပေါ့ဆသူ မောက်အိုက်နွေး အား ခိုလမ်နယ်မြေရဲစခန်းမှ (ပ)၂၈/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။