၁၂ . ၉ . ၂၀၁၉ ခုနှစ်၊ (၁၁  ၀၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးနယ်မြေ မီးသတ်စခန်းနှင့်( ၁၅ )မိုင်ခန့်အကွာ မွေတော်ကက္ကူဘုရား အနောက်မြောက်ထောင့်ရှိ အမြင့်(၈၀) ပေ၊ လုံးပတ်(၂၄)ပေခန့်ရှိ ညောင်ပင်သည် အမြစ်မှကျွတ်၍ လဲကျရာ ဘုရားအနီးရှိ (၂၀ x ၄၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ထားသော ဂေါပကအဖွဲ့ရုံးပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း(၁၃ ၀၀) အချိန် သတင်းရရှိသဖြင့် ကျောက်တလုံးနယ်မြေမီးသတ်စခန်းမှ သန္ဓေ(၄)ဦးတို့ဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပြီး သစ်ပင်လဲကျမှုကြောင့် ဘုရားဖူးလာသော မောင်အိုက်လော့သည် ညောင်ပင်၏ ကိုင်းဖျားနှင့် ရိုက်မိခဲ့သဖြင့် ထိခိုက်ဒဏ်ရာ( စိုးရိမ်ရ ) ရရှိခဲ့သဖြင့် ကြက်ခြေနီ သူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့နယ်၊ စဝ်စံထွန်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် လဲကျသစ်ပင်အား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ Chain Saw များဖြင့် ဖြတ်တောက်ရှင်းလင်းပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။