၁၇.၂.၂၀၂၁ ရက်နေ့၊ ၀၇ ၃၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ ချယ်ရီလမ်းနေ ပိုင်ရှင် ဦးညွန့်ရွှေ၏ (၃၀x၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း(၂)ထပ် နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်ရီရီတင့်မှ ဖယောင်းတိုင်အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ရာမှတစ်ဆင့် ဘုရားစင်သစ်သားသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၀၇ ၃၅ အချိန်သတင်းရရှိသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ စည်ပင်မှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၃)ဦးတို့သည် ရေဂါလန် ၂၅၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈ ၀၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၃၀x၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း (၂)ထပ် နေအိမ် အပေါ်ထပ် မီးလောင်ခံရပြီး ဦးညွန့်ရွှေ၊ သားဖြစ်သူ ကိုမျိုးမင်းဦး နှင့် မြေးဖြစ်သူ မောင်ရှိုင်းဝေထွန်းတို့အား မီးဟက်ဒဏ်ရာ(မစိုးရိမ်ရ)ရှိခဲ့ပြီး ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ရီရီတင့်အား ကလောမြို့မရဲစခန်းမှ (ပ)၂၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ  ၂၈၅ /၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။