၄.၁.၂၀၂၁ ရက်နေ့၊ ၁၅ ၄၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မင်္ဂလာအောင်မြေ (၂)ရပ်ကွက်၊ ရန်မျိုးအောင်လမ်း၊ အိမ်အမှတ် (၉၄)နေ အိမ်ရှင် ဦးသန့်ဇင်လတ်၏ (၂၀x၂၄)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ညှပ် (၂)ထပ်တိုက်နေအိမ် အိပ်ခန်းတွင် Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး အိပ်ယာခင်းပေါ်သို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၅ ၄၅ အချိန် သတင်းရရှိသဖြင့် ရွှေညောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ (၇) ဦး၊ အရန် (၁၀) ဦး၊ အေးသာယာနယ်မြေမီးသတ်စခန်း မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ သန္ဓေ (၇)ဦး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ သန္ဓေ (၁၅)ဦး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သန္ဓေ (၃)ဦး၊ စုစုပေါင်းမီးသတ်စက်ယာဉ် (၈)စီး၊ သန္ဓေ (၃၂)ဦး၊ အရန် (၁၀)ဦးတို့ဖြင့် ရေဂါလန် ၂၄၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆ ၀၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၀x၂၄)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ အုတ်ညှပ် (၂)ထပ်တိုက် နေအိမ်အပေါ်ထပ်မီးလောင်ခံရပြီး အိမ်ရှင် ဦးသန့်ဇင်လတ်အား ရွှေညောင်နယ်မြေရဲစခန်းမှ (ပ) ၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိပါသည်။