၂၄.၉.၂၀၂၀ ရက်နေ့၊ ၁၂၅၁ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ် ရပ်ကွက်၊ နယ်မြေ(၁)ရှိ (၃၂x၂၁)ပေ  သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ် အပေါ်ထပ်ရှိ အဝတ်စင်ပေါ်တွင် Laptop အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားကြောင်း ၁၂၅၃ အချိန် သတင်းရရှိသဖြင့် ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ(၁၆)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၁၃၁၀ အချိန်တွင် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် Laptop (၁)လုံး၊ အပေါ်ထပ် မျက်နှာကြက်နှင့် ပြတင်းပေါက်ဘောင်များ အနည်းငယ် မီးလောင်ခံရပြီး ပိုင်ရှင်အား ဟိုပုံးမြို့မရဲစခန်းမှ (ပ)၈၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။