၂၈.၁၁.၂၀၂၀ရက်နေ့၊ ၁၂ ၂၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်မုန်ကျေးရွာ၊ အိမ်ရှင် ဒေါ်နန်းခမ်းကျန်၏ (၂၄x၁၆)ပေ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ (၂)ထပ်နေအိမ်၏ (၁၂x၁၀)ပေ၊ သွပ်မိုး၊ ဝါးခြမ်းကာ၊ မီးဖိုချောင်တွင် ထင်းမီးဖိုမီးကြွင်းမှတစ်ဆင့် အကာထရံသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၂ ၂၄အချိန် သတင်းရရှိသဖြင့် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ (၁၈)ဦး၊ အရန် (၁၀)ဦး၊ ရေဂါလန် (၂၀၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၅၅အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၄x၁၆)ပေ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ (၂)ထပ်နေအိမ်(၁)လုံး မီးလောင်ခံရပြီး အိမ်ရှင် ဒေါ်နန်းခမ်းကျန်အား တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ (ပ) ၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။