ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ ဝိန်းမိုင်အုပ်စု၊ နားသပ်ကျေးရွာနေ ပိုင်ရှင် ဦးအိုက်စိုင်း၏ (၇၀x၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် နေအိမ်တွင် ၂၆.၈.၂၀၂၁ ရက်နေ့၊ ၁၆ ၂၅ အချိန်ခန့်က ဆိုလာဘထ္ထရီအားသွင်းရာမှ ဝါယာကြိုးအပူလွန်ကဲပြီး အနီးရှိအဝတ်များအား မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ ၁၆ ၃၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၁၅)ဦး တို့ဖြင့် ရေဂါလန် (၁၈၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၃၅ အချိန်မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၇၀x၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် နေအိမ်(၁)လုံးမီးလောင်ခံရပြီး ပိုင်ရှင် ဦးအိုက်စိုင်း အား တန့်ယန်းမြို့မရဲစခန်းမှ (ပ) ၄၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။