ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မန်နေဂျာ ဦးသန်းထွန်း၏ One Love Hotel သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၆)ထပ်တည်းခိုခန်း (RC) အဆောက်အဦတွင် ၂၈.၄.၂၀၂၁ ရက်နေ့၊ ၁၅ ၀၂ အချိန်ခန့်က မြေညီထပ်ရှိ လျှပ်စစ်မိန်းဘုတ်ခုံများထားရှိရာအခန်း၌ သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ကျောက်မဲခရိုင်မီးသတ်စခန်းမှ ၁၅ ၀၃အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၉)ဦးတို့သည် ရေဂါလန်(၈၀၀) အသုံးပြု ငြှိမ်းသတ်ခဲ့ရာ၊ ၁၅ ၁၀အချိန် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မိန်းခုံမှဝါယာကြိုးများ မီးလောင်ခဲ့ပြီး မန်နေဂျာဦးသန်းထွန်းအား ကျောက်မဲမြို့မရဲစခန်းမှ (ပ)၆၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သိရသည်။