ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်းရပ်ကွက်တွင် ၆.၅.၂၀၂၁ ရက်နေ့၊ ၁၄ ၅၅ အချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့ရာ အိမ်ရှင် ဒေါ်တင်ငွေ၏ (၁၅x၁၅) ပေ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက် နေအိမ်အပေါ်သို့ အိမ်အရှေ့ဘက်ခြမ်းရှိ ယူကလစ်ပင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ ၁၅ ၀၀ အချိန် သတင်းရရှိသဖြင့် မီးသတ်စက်ယာဉ် (၁)စီး၊ သန္ဓေ(၁၇)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်များ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၆ ၀၀ အချိန်တွင် ပြီးစီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သိရသည်။