၁၄.၉.၂၀၂၀ ရက်နေ့၊ ၀၀ ၂၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းနယ်မြေ၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၃)၊ စိန်ပန်းလမ်းရှိ ပိုင်ရှင် ဦးဒီဗီကန်ဝါလ်၏ (၂၀x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ်တွင် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၀၀ ၃၀ အချိန် သတင်းရရှိသဖြင့် အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၀ ၅၅ အချိန် မီးငြိမ်းပါသည်။
အဆိုပါ မီးလောင်မှုကြောင့် (၂၀x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ်(၁)လုံး မီးလောင်ခံရပြီး ပိုင်ရှင် ဦးဒီဗီကန်ဝါလ်အား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ) ၁၅၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။
Recent Comments