(၇.၇.၂၀၁၉)ရက်နေ့၊(၁၀ ၀၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ဗိုလ်တစ်ထောင်စျေးလမ်း၊ အမှတ်(၂၀၈)နေ ဉာဏ်လင်းထက်သည် သူငယ်ချင်း(၅)ဦး တို့နှင့် အတူ ဆိပ်ကြီးခနောင်တိုမြို့သို့ မင်္ဂလာဆောင်သို့သွားရာ သမ္မာန်ဆိပ်တွင် ရေဆင်းကူးရာမှ ရေနစ် သေဆုံးမှုဖြစ်ပွား၊ (၉- ၇-၂၀၁၉)ရက်နေ့၊ (၁၁ ၀၀) အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြစ်၊ ဝါးတန်းဆိပ်ကမ်းတွင် အလောင်းပေါ်နေကြောင်း(၁၁ ၀၂)အချိန်သတင်းရရှိသဖြင့် ကျောက်တံတား မြို့နယ် မီးသတ်စခန်းမှလူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးသွားရောက် ဆောင်ရွက်ခဲ့ပါသည်။ သေဆုံးသူအား အဖြူရောင် နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။