ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန်ဂိုထောင် မီးလောင်ပေါက်ကွဲမှု

၁၁.၆.၂၀၁၉ ရက်နေ့၊ (၁၄ ၅၄)အချိန်ခန့်၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ၁၆ လမ်း(အလယ်)၊ အမှတ်(၈၆)၊ Royal City Construction မှ ဆောက်လုပ်လျက်ရှိ သည့် RC (၁)ခန်း (၈)ထပ်မြေညီထပ်ရှိ (၂၅x၄၄)ပေ၊ ဟွန်ဘွန်ခွန်ထျောင်ရှာ တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် တပ်ဆင်ထားသော လုပ်ငန်းသုံးမီတာဘောက်ထဲသို့ ရေဝင်ရာမှဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်၊ (၁၄ ၅၅)အချိန်သတင်းရ၊ ‌ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၂)ဦးတို့ဖြင့်သွားရောက် ငြှိမ်းသတ်၊ (၁၄ ၅၈)အချိန်မီးငြိမ်း၊ မီးလောင်မှုကြောင့် မီတာဘောက်(၁)လုံးနှင့် ဝါယာကြိုး အနည်းငယ်မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၈၀၀,၀၀ဝိ/-(ကျပ်ရှစ်သိန်း)ခန့်ဖြစ်ကြောင်းနှင့် လုံခြုံရေးတာဝန်ခံ ဦးစိုးမြင့်အား လမ်းမတော်မြို့မရဲစခန်းမှ (ပ)၁၉၇/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။