၁၂ . ၉ . ၂၀၁၉ ရက်နေ့၊ (၀၇ ၃၈)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၈)ရပ်ကွက်တွင် ယာဉ်မောင်း ကိုနိုင်လင်းကျော် မောင်းနှင်သည့် ယာဉ်အမှတ်( 9G – 7377 ) Hyundai အမျိုးအစား( အဝါနု / အညိုရောင်ကြား) ယာဉ်သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မှ ဒဂုံမြို့သစ် (တောင်ပိုင်း)သို့ မောင်းနှင်လာစဉ် ကွမ်းအပ်သားမင်းသားလမ်းနှင့် ရတနာလမ်းထောင့် အရောက်တွင် အင်ဂျင်ခန်းအတွင်း သွယ်တန်းထားသောဝါယာကြိုးများအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ယာဉ်မောင်းမှ DCP (1Kg) မီးသတ်ဆေးဘူး (၁) ဘူးဖြင့် ကနဦးအနေဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၀၇ ၄၀) အချိန်သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၁)ဦး၊ အရန်(၅)ဦး တို့ဖြင့်ရေဂါလန် (၃၅၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၀၇ ၄၅)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် အင်ဂျင်ခန်းအတွင်းရှိ ပန်ကာကြိုး၊ ဝါယာကြိုးများနှင့် ကားရေတိုင်ကီတို့ မီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၀၀,၀၀ဝိ/- (ကျပ်တစ်သိန်း)ခန့်ဖြစ်ပါကြောင်းနှင့် ယာဉ်မောင်း ကိုနိုင်လင်းကျော်အား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ (ပ) ၁၄၈၀/ ၂၀၁၉၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။