၁၂ . ၉ . ၂၀၁၉ ရက်နေ့၊ (၀၀ ၄၂)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အမှတ်(၅၅၁)နေ ပိုင်ရှင် ဦးခင်မောင်ဝင်း၏ (၁၂x၄၀)ပေ၊ RC (၁)ခန်း (၄)ထပ်တိုက် မြေညီထပ် “မာမူကြီး” လက်ဘက်ရည်ဆိုင်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိပစ္စည်းများသို့ မီးကူးစက်လောင်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း(၀၀ ၄၆)အချိန်သတင်းရရှိသဖြင့် မြို့နယ်မီးသတ် စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ အထောက်အကူပြုယာဉ်(၄)စီး၊ သန္ဓေ(၈၀)ဦး၊ အရန်(၁၀)ဦး တို့ဖြင့် ရေဂါလန် (၃၂၀၀) ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၀၁  ၀၅)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် ဆိုင်ရှိ ရေခဲသေတ္တာ(၂)လုံးနှင့် ဆိုင်သုံးပစ္စည်းများမီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၈၅၀,၀၀ဝိ/- (ကျပ်ရှစ်သိန်း ငါးသောင်း)ခန့်ဖြစ်ပါကြောင်းနှင့် ပိုင်ရှင် ဦးခင်မောင်ဝင်းအား ပန်းဘဲတန်းမြို့မရဲစခန်းမှ (ပ) ၃၃၉/ ၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။