(၁၀.၉.၂၀၁၉)ရက်နေ့၊ (၁၈ ၅၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုံ(၁)၊ ကွမ်းအပ်သားမင်းသားလမ်း၊ အမှတ်(၁၀)ရှိ ပိုင်ရှင်ဦးတင်အေး၏ (၂၀၀x၁၀၀)ပေ၊ Steel Structure ဇာမဏီ ဖယောင်းသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း(၁၉ ၀၀)အချိန် သတင်းရရှိသဖြင့် မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြိှမ်းသတ်ယာဉ်(၄၉)စီး၊ မီးသတ်ရေသယ်ယာဉ်(၂၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊  မီးသတ်အထောက်ကူပြုယာဉ်(၂၁)စီး၊ စုစုပေါင်းမီးသတ်ယာဉ် (၉၂)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၅၉၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၂၃)ဦးတို့ဖြင့် Foam အမြှုပ်ဆေးရည်(၆၉၇)ဂါလန်နှင့် ရေဂါလန် (၂၅၀၀၀၀)ခန့် အသုံးပြုငြိှမ်းသတ်ခဲ့ရာ (၂၂ ၃၅)အချိန်တွင် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးနှင့် (ပ)နံပါတ်တို့မှာ စုံစမ်းစစ်ဆေးလျက်ရှိပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးနှင့် အရပ်သား(၅)ဦးတို့သည် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံနှင့် (၁၆၈)ဒဂုံမြို့သစ် (ဆိပ်ကမ်း)ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိပါကြောင်း သတင်းရရှိပါသည်။