(၉.၉.၂၀၁၉)ရက်နေ့၊ (၂၀ ၂၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ မေတ္တာဦးဆေးရုံရှေ့၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းတွင် ပေါက်နေသော လုံးပတ် (၃)ပေခန့်၊ အမြင့်(၂၅)ပေခန့် စိန်ပန်းပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြစ်မခိုင်ဘဲ ပြည်လမ်း ပေါ်သို့လဲကျပြီး ပိုင်ရှင် ဦးစိန်လွင်၏(BB/1572) Nissan Tida (အဖြူနီကြားရောင်)ယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားကြောင်း (၂၀ ၂၅) အချိန်သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၆)ဦး၊ အရန်(၂)ဦးတို့ဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။