ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ အမှတ်(၃)လမ်းမကြီး၊ ပတ္တမြားမှတ်တိုင်တွင် ၂၃.၁၁.၂၀၂၁ ရက်နေ့၊ ၁၂ ၁၀ အချိန်ခန့် ယာဉ်မောင်း ဦးကျော်မျိုးသက် မောင်းနှင် လာသော YBS (၃၅)(မိုးပြာရောင်)ယာဉ်သည် မြောက်ဥက္ကလာပမြို့နယ်ဘက်မှ မင်္ဂလာဒုံမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် Engine Heat တက်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ၁၂ ၂၀ အချိန် သတင်းရရှိသဖြင့် မီးသတ်ယာဉ်(၂)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ရေဂါလန်(၂၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၂၅ အချိန် မီးငြိမ်းခဲ့ပြီး၊ အဆိုပါ ဖြစ်စဉ်ကြောင့် ထိုင်ခုံ ကူရှင်အလုံး(၃၀)၊ ဝါယာကြိုးများနှင့် အင်ဂျင်ဟက်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးကျော်မျိုးသက်အား ထောက်ကြန့်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၇၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။