ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆/၂)နှင့် (၁၆/၃)ကြားတွင် ၁၆.၁၁.၂၀၂၁ ရက်နေ့၊ ၀၈ ၀၀ အချိန်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းလှိုင် မောင်းနှင်လာသော  HYUNDAI STAREX အမျိုးအစား (ဖြူ/မီးခိုးရောင်)ယာဉ်သည် မောင်းနှင်နေစဉ် ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းဘေးကာရံထားသော Guard Railsတန်းအား ဝင်ရောက်တိုက်မိကာ လမ်းဘေးမြေသား လမ်းမပေါ်တွင် တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၁၁)မိုင်အမြန်လမ်း မီးသတ်စခန်းမှ ၀၈ ၀၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၈ ၅၀ အချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါ ကျား(၃)ဦး၊ မ(၂)ဦး စုစုပေါင်း(၅)ဦးအနက် ကျား(၂)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ် ဂရုဏာရှင်အသင်းမှ သူနာတင်ယာဉ်(၁)စီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရှမာရိခရစ်ယာန် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ထွန်းထွန်းလှိုင် အား  အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။