ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာသစ်အရှေ့ရပ်ကွက်၊ သီဟိုဠ်ကျောင်းလမ်းတွင် ၁၁.၁၀.၂၀၂၁ ရက်နေ့၊ ၀၇ ၀၅ အချိန်ခန့်က ပိုင်ရှင် ဦးနိုင်နိုင်၏ (၂၀x၃၅)ပေ၊ အုတ်ညှပ်၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် အဆောက်အဦ ပထမထပ်ရှိ Air-con Safeguard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ၀၇ ၁၀ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ ကွပ်ကဲမှုယာဉ်(၁)စီး၊ သန္ဓေ(၇၅)ဦး၊ အရန်(၁၉)ဦးတို့သည် ရေဂါလန်(၃၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၇၂ ၅ အချိန် မီးငြိမ်းကြောင်း၊ အဆိုပါမီးလောင်မှုကြောင့် အဆောက်အဦ၏ ပထမထပ် မီးလောင်ခံခဲ့ရပြီး ပိုင်ရှင် ဦးနိုင်နိုင်အား အင်းစိန်မြို့မရဲစခန်းမှ (ပ)၅၅၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။