ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄၅)လမ်း၊ အမှတ်(၂၁)တွင် ၁၄.၉.၂၀၂၁ ရက်နေ့၊ ၀၈ ၅၈ အချိန်ခန့်က ပိုင်ရှင် ဦးအောင်ကျော်မိုး၏ (၁၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ်တွင် ဆံပင်အခြောက်ခံစက်အသုံးပြုပြီး မပိတ်ဘဲထားခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်မှုဖြစ်ပွားကြောင်း တာမွေမြို့နယ်မီးသတ်စခန်းမှ ၀၉ ၀၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၁၄ အချိန်တွင် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် သစ်သားကုတင်(၁)လုံး၊ အဲယားကွန်းအင်ဒိုး(၁)လုံး၊ ဆံပင်အခြောက်ခံစက်(၁)လုံး၊ အဝတ်အစားအနည်းငယ်၊ ပြတင်းပေါက် သစ်သားဘောင်တန်းနှင့် ထုတ်တန်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်ကျော်မိုးအား တာမွေမြို့မရဲစခန်းမှ (ပ)၃၀၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။