ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အလွမ်းစွပ်ကျေးရွာ၊ ရေတပ်လမ်းမကြီးဘေးရှိ ပိုင်ရှင် ဦးခင်မောင်အေးနှင့် တရုတ်လူမျိုး မစ်စတာ ဝမ်တို့၏ လီတာဝမ်အထည်ချုပ်စက်ရုံ (၉၀x၁၈)ပေ၊ RC(၁)ထပ် အဆောက်အဦတွင် ၅.၆.၂၀၂၁ ရက်နေ့၊ ၁၅ ၀၀ အချိန်ခန့်က ကွန်ပျူတာဇာပန်းထိုး စက်လိုင်းတွင် သွယ်တန်းထားသော ဝါယာကြိုးများ ဝန်အားမနိုင်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်မှုဖြစ်ပွားကြောင်း သန်လျင်မြို့နယ်မီးသတ်စခန်းမှ ၁၅ ၂၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၃၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၅ ၃၅ အချိန်မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် ကွန်ပျူတာ ဇာပန်းထိုးစက်(၆)လုံး၊ ပိတ်စအဟောင်းများထည့်သည့် စက္ကူပုံးများ၊ (၃၀x၃၀)ပေခန့် မျက်နှာကြက်များ မီးလောင်ခံရပြီး မန်နေဂျာ မအေးမြတ်မွန် အား သန်လျင်မြို့မရဲစခန်းမှ (ပ) ၂၉၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။