ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄/၂)နှင့် (၄/၃) တွင် ၃.၆.၂၀၂၁ ရက်နေ့၊ ၁၂ ၀၀ အချိန်ခန့်က နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးမင်းမင်းဦး မောင်းနှင်လာသော Light Truck(အဖြူရောင်)ယာဉ်သည် ရှေ့ယာဘီးပေါက်ပြီး (၄/၃)မိုင်တိုင်အား ဝင်တိုက်ပြီး လမ်းဘေးသစ်ပင်အား ဆက်လက်တိုက်မိမှု ဖြစ်ပွားပြီး ယာဉ်မောင်း ကျား(၁)ဦး  ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း ၁၂ ၀၅အချိန်ခန့်တွင် သတင်းရရှိသဖြင့် (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၃)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ အဆိုပါ ဖြစ်စဉ်ကြောင့် ကားခေါင်းခန်း အတွင်းညပ်နေသူ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ၁၂ ၁၅ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ယာဉ်ပေါ်ပါ ကျန်ကျား(၂)ဦး၊ မ(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား လှည်းကူးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးမင်းမင်းဦးအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းမှ ယာဉ်(ပ)၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရသည်။