ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်(၃၈) ပိုင်ရှင် ဒေါ်ဟန်နီထွန်း၏ (၂၀၀x၈၀)ပေ၊ Steel Structure (၂)ထပ် ချားမင်းအထည်ချုပ်စက်ရုံတွင် ၈.၅.၂၀၂၁ ရက်နေ့၊ ၁၀ ၂၅အချိန်ခန့်က အထည်လိပ်များထားရှိသည့် စတိုခန်းတွင် သွယ်တန်းထားသည့် ဝါယာကြိုး  အပူလွန်ကဲပြီး မီးပွားထွက်ရာမှ အောက်တွင် ရှိသော အထည်လိပ်များအပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စက်ရုံဝန်ထမ်းများမှ DCP (3kg) မီးသတ်ဆေးဘူး(၁၀)ဘူးဖြင့် ကနဦး ငြှိမ်းသတ်ခဲ့ပြီး လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ၁၀ ၃၀ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၂၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၉)စီး၊ အထောက်အကူပြုယာဉ် (၅)စီး၊ ကွပ်ကဲမှုယာဉ်(၃)စီး၊ ရေဂါလန် (၃၀၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၁၂ အချိန်မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် အပေါ်ထပ် (၁၀၀x၈၀)ပေ အတွင်းရှိ အထည်လိပ်များ မီးလောင်ခံရပြီး လျှပ်စစ်တာဝန်ခံ ကိုနိုင်လင်းစိုးအား လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှ (ပ)၂၅၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။