ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရတနာအိမ်ရာ၊ အပိုင်း(စီ)၊ ရတနာအိမ်ရာကျောကပ်လမ်း၊ ခြံ အမှတ်(၄၁)နေ ပိုင်ရှင် ဦးမျိုးကိုကိုဝင်း၏ (၃၀x၂၀)ပေ သွပ်မိုး၊အုတ်ညှပ်၊ ကွန်ကရစ်ခင်း ပစ္စည်းဟောင်းများထားရှိသည့်ဂိုဒေါင်တွင် ၁.၅.၂၀၂၁ ရက်နေ့၊ ၀၈ ၂၅ အချိန်ခန့်က မီးပလပ်ခုံဝါယာကြိုးများ အပူလွန်ကဲရာမှမီးလောင်မှုဖြစ်ပွားကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မီးသတ်စခန်းမှ ၀၈ ၃၀ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သင်္ဃန်းကျွန်း မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ စုစုပေါင်းမီးသတ်ယာဉ်(၆)စီး၊ သန္ဓေ (၃၀)ဦးနှင့် အရန်(၅)ဦးတို့သည် ရေဂါလန် ၄၀၀၀ ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈ ၄၅ အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၃၀x၂၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း ပစ္စည်းဟောင်းများ ထားရှိသည့် ဂိုဒေါင်(၁)လုံးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဟောင်း အနည်းငယ် မီးလောင်ခံရပြီး  ပိုင်ရှင် ဦးမျိုးကိုကိုဝင်းအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ (ပ) ၁၂၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။