ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၇)ရက်ကွက်၊ (၄၁)လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းကြား၊ ကုန်သည်လမ်းမပေါ်၊ အမှတ်(၄၇၃/၁)၊ ပိုင်ရှင် ဦးစိုးမြင့်၏ သန်းကမ္ဘာ မိတ္တူဆိုင် (၂၀x၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် အဆောက်အဦတွင် ၂၉.၄.၂၀၂၁ ရက်နေ့၊ ၁၁ ၅၂ အချိန်ခန့်က ဘုရားစင်သို့ သွယ်တန်းထားသော နှစ်ပင်လိမ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးပွားထွက်၍ ဘုရားစင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ၁၁ ၅၃ အချိန် သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၁၀၀)ဦး၊ အရန်(၂၀)ဦးတို့သည် ရေဂါလန်(၁၄၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၂၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၀x၂၀)ပေ အခန်း(၂)ခန်း၊ မိတ္တူကူးစက် (၁)လုံးနှင့် စာရေးကိရိယာအနည်းငယ်တို့ မီးလောင်ခံရပြီး ပိုင်ရှင် ဦးစိုးမြင့် အား ဗိုလ်တထောင်မြို့မရဲစခန်းမှ (ပ)၈၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။