ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အ‌ရှေ့ပိုင်း)မြို့နယ်၊ (၅၂)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ ဒဂုံတက္ကသိုလ်ဝင်း အနောက်ဝင်ပေါက်အနီးရှိ (၁၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၃-ခန်းတွဲ(၁)ထပ် ဝန်ထမ်းလိုင်းခန်း၊ အခန်းအမှတ်(၃)နေ ဒေါ်ခိုင်ဇင်နွယ်၏ အခန်းတွင် ၉.၄.၂၀၂၁ ရက်နေ့၊ ၀၂ ၄၀ အချိန်ခန့်က Air Cooler အသုံးပြုထားသည့် မီးပလပ်ခုံအပူလွန်ကဲရာမှာ အနီးရှိ အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား ကြောင်း ဒဂုံမြို့သစ်(အ‌ရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ၀၂ ၄၅ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၄)ဦးတို့ဖြင့် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၁၃ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၁၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၃-ခန်းတွဲ(၁)ထပ် ဝန်ထမ်း နေအိမ် (၁)လုံး၊ (၁၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂-ခန်းတွဲ(၁)ထပ် ဝန်ထမ်းနေအိမ်(၁)လုံး မီးလောင်ခံရပြီး အခန်းအမှတ်(၃)နေ ဒေါ်ခိုင်ဇင်နွယ်အား ဒဂုံမြို့သစ်(အ‌ရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ)၉၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။