ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း၊ အမှတ်(၆၆၃)၊ တာဝန်ခံ ဦးခင်မောင်ဦး၏ ရိုးမသောက်ရေသန့်စက်ရုံဝန်းအတွင်း ဂိုဒေါင်အမှတ်(D) အကျယ်အဝန်း(၁၀၀x၅၀)ပေ ထပ်ခိုးပါ (၁)ထပ်အဆောက်အဦတွင် ၅.၄.၂၀၂၁ရက်နေ့၊ ၁၀၅၀အချိန်ခန့်က အမြဲဖွင့်ထားသော လုံခြုံရေးမီး မီးချောင်းရှိ Auto Choke အပူလွန်ကဲပြီး မီးပွားထွက်ရာမှ အောက်ရှိ ဆိုဖာပေါ်သို့ ကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ စက်ရုံအလုပ်သမားများမှ DCP 3Kg မီးသတ်ဆေးဘူး (၁၃)ဘူး ဖြင့် ကနဦးငြှိမ်းသတ်ခဲ့ပြီး လှိုင်မြို့နယ်မီးသတ်စခန်းမှ ၁၀၅၅အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီးသတ်စခန်းများမှ ကွပ်ကဲမှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၆၀)ဦး၊ အရန်(၁၅)ဦး၊ ရေဂါလန်(၅၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၁၁၁၃ အချိန် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၁၀၀x၅၀)ပေ ထပ်ခိုးပါ (၁)ထပ်အဆောက်အဦ၏ (၂၅x၅၀)ပေနှင့် အတွင်းပစ္စည်းများ မီးလောင်ခံရပြီး တာဝန်ခံ ဦးခင်မောင်ဦးအား လှိုင်မြို့မရဲစခန်းမှ (ပ)၁၅၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။