ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ မက္ခရာမင်းသားကြီးလမ်း၊ အကွက်အမှတ်(၉၁)၊ ပိုင်ရှင် ရန်ဆုံ(တရုတ်နိုင်ငံသား)၏ Xinfa ချည်လုံးစက်ရုံရှိ ချည်ထည်အထုပ်များ သိုလှောင်ထားရှိသော (၁၅၀x၁၀၀)ပေ၊ Steel Structure (၁)ထပ် (ချည်လုံးထားသိုလှောင်ရုံ)တွင် ၂၇.၃.၂၀၂၁ ရက်နေ့၊ ၁၉ ၅၀ အချိန်ခန့်က ချည်မျှင်နှင့် ပိတ်ဖြတ်စညှပ်စများကို (၂၀)ပေခန့်အမြင့်ထိ ကာလကြာရှည်စွာထပ်၍ သိုလှောင်ထားရာမှ အောင်းပူဖြစ်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ ၁၉ ၅၄ အချိန်သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်(၁၄)စီး၊ သီးသန့်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၆)စီး၊ ကွပ်ကဲမှုယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉၂)ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် (၉)ဦး တို့ဖြင့် ရေဂါလန် (၅၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၂၈.၃.၂၀၂၁ ရက်နေ့ ၊ ၀၀ ၄၅ အချိန်တွင် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၁၅၀x၁၀၀)ပေ၊ Steel Structure (၁)ထပ် (ချည်လုံးထားသိုလှောင်ရုံ) အဆောက်အဦ (၁)လုံးနှင့် ချည်မျှင်နှင့် ပိတ်ဖြတ်စညှပ်စများ မီးလောင်ဆုံးရှုံးခံရပြီး တာဝန်ခံ ဒေါ်ဖြိုးပြည့်အောင် အား ကျောက်တန်းမြို့မရဲစခန်းမှ (ပ)၃၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ မက္ခရာမင်းသားကြီးလမ်းတွင် ချည်လုံးစက်ရုံ မ ....
editor | Mar 30, 2021 | News, မီးလောင်မှုသတင်း | 0 comments

Recent Comments