ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄/၂)ဖာလုံတွင် ၂၄.၂.၂၀၂၁ ရက်နေ့၊ ၁၈ ၃၀ အချိန်ခန့်က ယာဉ်မောင်း ဦးရွှေကြိုင် မောင်းနှင်သည့် FAW (အဖြူရောင်) မြေသယ်ယာဉ်သည် (၄/၂)မိုင် လမ်းဖြတ်မှ ရန်ကုန်-နေပြည်တော်သွားလမ်းသို့ ဖြတ်ကူးမောင်းနှင်ပြီး ယာဘက်ယာဉ်ကြောသို့ ရောက်ရှိစဉ် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကိုရဲရင့်မင်းသွေး မောင်းနှင်သည့် ALPHARD (အဖြူရောင်)ယာဉ်မှာ နောက်မှ ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ ယာဘက်ခြမ်းဖြင့် ဝင်ရောက်တိုက်မိမှုဖြစ်ပွားနေကြောင်း (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှ ၁၉ ၃၅ အချိန် သတင်းရရှိခဲ့ရာ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ (၅)ဦး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ စုစုပေါင်းမီးသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၁)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး၊ ၁၉ ၄၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ALPHARD ယာဉ်ပေါ်ပါ ကျား(၆)ဦးအနက် ယာဉ်မောင်း ကိုရဲရင့်မင်းသွေး ဦးခေါင်းကွဲဒဏ်ရာနှင့် ကိုစစ်ပိုင် လည်ပင်းဇလုပ်ပေါက်ပြဲဒဏ်ရာဖြင့် သေဆုံး၊ ကိုအောင်ခန့်ပိုင် ယာမျက်လုံးဖူးရောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)၊ ကိုမြတ်သူရကျော် နဖူးပေါက်ပြဲ၊ ယာမျက်လုံးပေါက်ပြဲ၊ ယာလက်ဖျံပေါက်ပြဲ၊ ခေါင်းမူးဝေထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိပြီး၊ ဦးနေနိုင်ဝင်း ဝဲဘက်ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာဘက်ရင်ဘက်ပေါက်ပြဲ၊ ခြေထောက်ကျိုးဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး၊ ဦးရဲကျော် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကရုဏာရှင်လူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်(၁)စီး၊ လှည်းကူးမြို့ကြက်ခြေနီအသင်းပိုင်သူနာတင်ယာဉ် (၁)စီး၊ စုစုပေါင်း သူနာတင်ယာဉ် (၂)စီးတို့ဖြင့် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်မောင်း ကိုရဲရင့်မင်းသွေး(သေဆုံး)အား ယာဉ်(ပ) ၄/၂၀၂၁၊ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၈/၂၇၉ ဖြင့် လည်းကောင်း၊ ဦးရွှေကြိုင်အား (ပ) ၇/၂၀၂၁၊ အမြန်လမ်းမကြီးဥပဒေပုဒ်မ- ၁၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။